ကိုယ်ရေး

အမည်အပြည့်အစုံ ဖြိုးမင်းထွေး။ ကျောင်းတုန်းက ခင်မင်ရင်းနှီးသူ သူငယ်ချင်းအများစုကတော့ ဖြိုးကြီးလို့ ခေါ်ကြပါတယ်။ ဖြိုးလို့ပဲ ခေါ်တဲ့သူတွေလည်း ရှိပါတယ်။ အိမ်နာမည်ကိုတော့ မိသားစုနဲ့ ဆွေမျိုးနီးစပ်တွေပဲ ခေါ်ကြပါတယ်။

မူလတန်းကို မ(၃)၊ ဗဟန်း၊ အထက်တန်းကို ထ(၂)၊ ဗဟန်း(နန်ယန်)ကနေ အောင်ပါတယ်။ နည်းပညာတက္ကသိုလ်(အင်းစိန်)ကနေ ဘွဲ့ရပါတယ်။

စာဖတ်ရတာ ဝါသနာပါပါတယ်။ အင်တာနက်ပေါ်မှာ အချိန်ဖြုန်းရတာ ကြိုက်တယ်။ နည်းပညာပိုင်း စိတ်ဝင်စားပါတယ်။ နည်းပညာအသုံးပြုပြီး အများအကျိုးပြုနိုင်မဲ့အရာတစ်ခုခု တီထွင်ဖန်တီးချင်တဲ့စိတ်ကူးတော့ ရှိပါတယ်။

လောလောဆယ် ရန်ကုန်မှာပဲ နေပါတယ်။

ဘလော့ဂ်ကို အချိန်ပေးဝင်ရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခုချိန်မှာတော့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဖတ်ရဖို့ သိပ်မရှိသေးဘူးလို့တော့ ထင်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် ရှိကောင်းရှိလာမှာပါ။ မကြာမကြာ ဒီဘလော့ဂ်ဆီ ဝင်ရောက်လည်ပတ်လှည့်ပါ။